
အဓိကလူသုံးယောက်မပါနိုင်ဘူးဆိုတော့ ဇေယျာရွှေမြေနဲ့ပွဲမှာ ကျွန်တော်တို့အတွက် အလွန်ခက်ခဲပါလိမ့်မယ်။ ဇေယျာရွှေမြေနှင့်ပွဲကြိုတွင် ဆောက်သမ်းမြန်မာနည်းပြချုပ် ကင်ဝေါ်ဒန်နှင့် အထူးတွေ့ဆုံခြင်း
ကင်ဝေါ်ဒန်လက်ထက် ဆောက်သမ်းမြန်မာအသင်းဟာ နိုင်ငံခြားသား ကစားသမားကောင်းအချို့နဲ့ ပြည်တွင်း လူငယ် အတွေ့အကြုံနုနယ်သူ မျိုးဆက်သစ်တို့ ပေါင်း စပ်ကာ သူ့ရဲ့နိုင်ငံတကာအတွေ့အကြုံနဲ့ နည်းဗျူဟာ နည်းစနစ်များနဲ့ အထူးတိုးတက် လာနေ ပါတယ်။

ရှိရင်းစွဲဘောလုံးဝါသနာကို အခြေခံပြီး မြန်မာ့ဘောလုံး လောက ဖွံ.ဖြိုးတိုးတက်ပြီး၊ နိုင်ငံတကာနှင့်အတူ ရင်ဘောင် တန်းနိုင်ရမည်ဆိုတဲ့ လူကြီးများ၏ ချမှတ်ပေးထားသော လမ်းညွှန်ချက်များနှင့်အညီ၊ စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေဘောလုံးအသင်းကို ဖွဲ.စည်း တည်ထောင် ခဲ့ပါသည်။

















